哈尼族吧 关注:2,685贴子:86,785
  • 5回复贴,共1

国家管理委员会主席致阿卡民族日五十周年金禧庆典的贺信

只看楼主收藏回复

နှစ် (၅၀) ပြည့် ရွှေရတုအာခါအမျိုးသားနေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပေးပို့သည့်သဝဏ်လွှာ
国家管理委员会主席致阿卡民族日五十周年金禧庆典的贺信(敏昂莱)
翻译:sjd
亲爱的阿卡族同胞及全体缅甸联邦的各族兄弟姐妹们:
今天,2024年12月28日,我们迎来了阿卡民族日五十周年金禧庆典。在此,我向所有阿卡族同胞以及缅甸境内的各族兄弟姐妹们致以最诚挚的祝福,愿大家身体健康,心灵安宁,生活幸福美满。
自1975年起,在阿卡族领袖们的引领下,阿卡民族日得以首次举办。此后,阿卡社会各界团结一致,每年都成功举办了这一盛大的庆典,至今已走过了五十年的光辉历程。今天,我们迎来了这一金禧时刻,标志着阿卡民族的团结、和平与繁荣。能够在这一重要的民族日庆典上,表达我的喜悦之情,并通过此信传递我的祝福,我感到无比荣幸与自豪。
阿卡族自11世纪初期迁入缅甸掸邦(东部)地区以来,便与当地各族同胞和睦相处,秉持着团结一致的联邦精神,共同生活。阿卡族不仅保留了自己的母语——阿卡语,还与其他民族一样,信仰佛教和基督教,并在宗教的指引下过着和平安宁的生活。自2008年起,阿卡族成功创立了统一的阿卡民族文字,展现了他们在文化传承上的不懈努力。阿卡族不仅自己织造衣物,还致力于保护自己的文化、语言和传统习俗,令人钦佩。阿卡族的信仰、文化和传统节日,如季节性的传统庆典,也吸引了各族同胞的共同参与,展现了多元文化的和谐共存。
阿卡族在历史上一直与军队合作,致力于维护地区的和平与法治。因此,阿卡族聚居的掸邦(东部)地区在经济、社会、教育、卫生等各个领域都取得了显著的发展。如今,阿卡族的青年们在国防、教育、卫生和行政管理等国家重要领域中,肩负起自己的责任,为国家的发展贡献力量,令人感到自豪。阿卡族居住在缅甸与中国、老挝、泰国等邻国接壤的边境地区,他们通过促进两国人民之间的友好关系,推动了边境地区的稳定与边境贸易的繁荣,为国家的整体发展作出了重要贡献。
自国家管理委员会接管国家职责以来,我们始终以国家和人民的利益为重,制定了明确的目标、计划和方向,致力于推动全国各地的全面发展。尽管部分地区仍存在武装冲突,但我们始终坚持以政治手段解决政治问题,并通过对话与协商寻求和平解决方案。然而,部分民族武装组织却无视本地区和本民族的利益,继续采取暴力手段,令人深感遗憾。阿卡族一直坚定地跟随国家政府的步伐,积极参与合作,因此他们的社会经济生活得到了显著改善。阿卡族将继续保持与政府的合作,推动地区的和平与繁荣,并在各个领域取得更大的进步。
阿卡族已经为国家与地区书写了辉煌的历史篇章,我相信他们将继续努力,书写更加辉煌的未来。同时,阿卡族也将继续传承和保护他们悠久的历史、文化与传统习俗,并通过民族日等庆典活动,展现阿卡族的团结精神,提升阿卡族的荣誉,为国家和地区的繁荣作出更大的贡献。
在此,我再次向阿卡族五十周年金禧民族日致以最热烈的祝贺,并祝愿阿卡族同胞们继续团结一致,为国家与地区的繁荣发展贡献力量。
此致
敬礼
大将 敏昂莱
索泰·斯里·苏达玛·敏昂莱
国家管理委员会主席
国家总理


IP属地:四川1楼2025-03-28 14:53回复
    原文
    ချစ်ခင်လေးစားအပ်ပါသော အာခါတိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများ ခင်ဗျား-
    ယနေ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော နှစ်(၅၀)ပြည့် ရွှေရတုအာခါအမျိုးသားနေ့ အခမ်းအနားတွင် အာခါ တိုင်းရင်းသားလူမျိုးများနှင့်တကွ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့ဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ အာခါလူမျိုးအကြီးအကဲတို့၏ ဦးဆောင်မှုဖြင့် ၁၉၇၅ ခုနှစ်မှစတင် ကျင်းပခဲ့သော အာခါအမျိုးသားနေ့ကို အာခါလူမှုအဖွဲ့အစည်း အသီးသီးမှ စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်၍ နှစ်စဉ်စည်ကားသိုက်မြိုက်ပြီး အောင်မြင်စွာ ကျင်းပခဲ့ကြသည်မှာ ယခုအခါ ရွှေရတုကာလ နှစ်(၅၀)ပြည့် အခါသမယသို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ထိုကဲ့သို့ အာခါလူမျိုးတို့၏ စည်းလုံးညီညွတ်မှု၊ တည်ငြိမ်အေးချမ်းမှု၊ သာယာဝပြောမှုတို့ကို ဖော်ပြခွင့်ရသည့် အမျိုးသားနေ့အခမ်းအနားတွင် မိမိအနေဖြင့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခွင့်ရသည့်အတွက်လည်း များစွာဂုဏ်ယူမိပါသည်။


    IP属地:四川2楼2025-03-28 14:56
    回复
      广告
      立即查看
      အာခါလူမျိုးတို့အနေဖြင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများသို့ ဝင်ရောက်အခြေချနေထိုင်ခဲ့သည့် ၁၁ ရာစုအစောပိုင်း အချိန်ကာလများမှစ၍ ဒေသခံတိုင်းရင်းသားလူမျိုးများနှင့် အေးအတူပူအမျှစိတ်ဓာတ်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံကာ စည်းလုံးညီညွတ်စွာ နေထိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ အာခါလူမျိုးတို့အနေဖြင့် ပင်ရင်းဘာသာဖြစ်သော အာခါဇန်းဘာသာအပြင် ဒေသခံ အခြားတိုင်းရင်းသားများနည်းတူ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတို့ကို ကိုးကွယ်လျက်ရှိပြီး ဘာသာတရား၏ အဆုံးအမများအောက်တွင် အေးချမ်းစွာ နေထိုင်လျက်ရှိကြပါသည်။ အာခါစာပေနှင့်ပတ်သက်၍လည်း ၂၀၀၈ ခုနှစ်မှစတင်၍ တစ်ခုတည်းသော အာခါအမျိုးသား စာပေကို ဖော်ဆောင်နိုင်ခဲ့သည်ကို တွေ့ရှိရသောကြောင့် အာခါလူမျိုးတို့၏ ကြိုးပမ်းအားထုတ်မှုကို ဖော်ပြနိုင်ခဲ့ပါသည်။ အာခါလူမျိုးများသည် မိမိတို့၏အဝတ်အထည်များကို ကိုယ်တိုင်ရက်လုပ် ဝတ်ဆင်ကြသကဲ့သို့ မိမိတို့၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးတမ်းတို့ မပျောက်ပျက်အောင် ထိန်းသိမ်းလျက်ရှိသည်ကို ဂုဏ်ယူဖွယ် တွေ့ရှိရပါသည်။ အာခါလူမျိုးတို့၏ ကိုးကွယ်ယုံကြည်မှု၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများအရ ရာသီအလိုက် ကျင်းပပြုလုပ်သည့် ထုံးတမ်းအစဉ်အလာပွဲများနှင့် လူမျိုးဘာသာမရွေး အာခါတိုင်းရင်းသားတို့နှင့် အတူတကွ ပျော်ရွှင်စွာပါဝင် ဆင်နွှဲနိုင်သော ပွဲတော်များကျင်းပလျက် ရှိသည်ကိုလည်း သိရှိရပါသည်။


      IP属地:四川3楼2025-03-28 14:58
      回复
        အာခါလူမျိုးတို့အနေဖြင့် ခေတ်အဆက်ဆက်တွင် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် အာခါလူမျိုးတို့နေထိုင်ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ဒေသသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မြင့်မားနေသည်ကို တွေ့ရှိရပါသည်။ ပညာရေးကဏ္ဍတိုးတက်မှု၏ ရလဒ်အဖြစ် ယခုအခါ နိုင်ငံတော်၏ ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်ရေးနယ်ပယ် အသီးသီးတွင် အာခါလူမျိုး တပ်မတော်သားများ၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြသည်ကို ဂုဏ်ယူဖွယ်တွေ့မြင်ရပါသည်။ အာခါလူမျိုးတို့အနေဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ လာအို၊ ထိုင်း စသည်တို့နှင့် နယ်နိမိတ်ထိစပ်နေသော နယ်စပ်ဒေသများတွင် နေထိုင်လျက်ရှိသောကြောင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ပြီး နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဒေသ ကုန်သွယ်ရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်ခြင်းမှ တစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါသည်။


        IP属地:四川4楼2025-03-28 15:04
        回复
          နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်မှစ၍ နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးကိုရှေးရှုကာ ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်ပြီး နိုင်ငံတစ်ဝန်းလုံး အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်အတွင်း ဒေသအချို့တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန်နှင့် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းများဖြင့်ဖြေရှင်းရန် ဖိတ်ခေါ်ထားရှိပြီးဖြစ်ပါသည်။ သို့သော် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့အနေဖြင့် မိမိဒေသနှင့်မိမိလူမျိုး အကျိုးကိုမျက်ကွယ်ပြုကာ အကြမ်းဖက်လုပ်ရပ်များကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်နေသည်ကို တွေ့မြင်နေရပါသည်။ အာခါလူမျိုးတို့အနေဖြင့် နိုင်ငံတော်အစိုးရ လျှောက်လှမ်းနေသည့် လမ်းကြောင်းအတိုင်း လိုက်ပါ၍ ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် မိမိတို့၏လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာသည်ကို တွေ့ရှိခဲ့ရပြီးဖြစ်ပါသည်။ ထို့ကြောင့် အာခါလူမျိုးတို့အနေဖြင့် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ဆက်လက်ထိန်းသိမ်းကာ ဒေသတည်ငြိမ် အေးချမ်းရေးနှင့် လူမှုစီးပွား ကဏ္ဍအသီးသီးမှာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပြီး မိမိတို့ဒေသနှင့်လူမျိုးအကျိုးကို ပိုမိုမြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။


          IP属地:四川5楼2025-03-28 15:18
          回复
            အာခါလူမျိုးတို့အနေဖြင့် နိုင်ငံတော်နှင့်ဒေသအတွက် မှတ်ကျောက်တင်ခံနိုင်သော သမိုင်းမှတ်တမ်းကောင်းများကို ရေးထိုးခဲ့ကြပြီးဖြစ်သလို ဆက်လက်ရေးထိုးနိုင်ရေး ကြိုးပမ်းကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ထို့အပြင် အာခါလူမျိုးတို့အနေဖြင့် မိမိတို့တွင် ခိုင်ခိုင်မာမာရှိပြီးဖြစ်သော သမိုင်းအစဉ်အလာ၊ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို မပျောက်ပျက်အောင် လက်ဆင့်ကမ်း ကာကွယ်စောင့်ရှောက်ရင်း ယခုကဲ့သို့ အမျိုးသားနေ့များမှတစ်ဆင့် အာခါလူမျိုးတို့၏ စည်းလုံးညီညွတ်မှုများကို ဖော်ထုတ်ပြသကာ အာခါလူမျိုးတို့၏ဂုဏ်ကို မြှင့်တင်နိုင်ကြပြီး နိုင်ငံတော်နှင့် ဒေသကောင်းကျိုးကို ရွက်ဆောင်နိုင်သူများဖြစ်အောင် ကြိုးပမ်းအားထုတ်ကြပါလို့ တိုက်တွန်းရင်း နှစ်(၅၀)ပြည့် ရွှေရတုအာခါ အမျိုးသားနေ့ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။
            ဗိုလ်ချုပ်မှူးကြီး
            သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်


            IP属地:四川6楼2025-03-28 15:20
            回复